ဘာတွေကို ယုံကြည်ရမလဲ
မင်္ဂလာပါ မိတ်ဆွေများခင်ဗျား
Covid-19 ကို တစ်ကမ္ဘာလုံးက ဝက်ဝက်ကွဲ ကြောက်လန့်နေကြရပေသည်။ ကြေငြာချက် အမျိုးမျိုး သတိပေးချက်အဖုံဖုံတို့သည်လည်း အကွဲကွဲ အပြားပြား အချိန်နှင့်တပြေးညီ အလုအယက် ထုတ်ပြန်ပေးကြလေကုန်၏။ ထုတ်ပြန်သမျှကိုလည်း လိုက်နာရန်တိုက်တွန်းကြကုန်လေ၏။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး(WHO)က Covid-19 သည် လေမှမကူးစက်နိုင်သဖြင့် Mask တပ်ရန်မလိုပါဟု ဆိုခဲ့ပါ၏။ တဖန် မကြာမီရက်ပိုင်းအတွင်းက အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့(NAC)က ချောင်းဆိုး နှာချေ မှ ကူးစက်နိုင်ရုံသာမက စကားပြောခြင်း အသက်ရူခြင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် လူတိုင်း Mask တပ်ရန်ဆွေးနွေးလို့ဆိုပါသည်။
အသက်ရူရင်တောင်ကူးနိုင်တာဆိုတော့ အသက်မရူပဲနေကြရတော့မည်လော။ လက်ဆေးခြင်းသည် မှန်ကန်သောကာကွယ်မှုတစ်ခုဖြစ်ကြောင်းလည်း နေ့စဉ်သတိပေးနေကြပါ၏။ မြန်မာနိုင်ငံတွင်မူကား တမာရွက်ဖြက့် COVID ရောဂါပျောက်ကင်းသည်ဟု ဆိုသူက ဆို၏။ သရက်သီးစားလျှင် ကာကွယ်ပေးနိုင်သည်ဟု ဆိုသူတွေကဆိုကြပြန်ပါ၏။ ထုံးြဖင့်ကာကွယ်ရေး လုပ်နိုင်သည် ပြောကြပြန်ပါ၏။ မှန်မမှန် ဟုတ်မဟုတ်ဆိုသည်ကိုကား ကျွန်ုပ်တို့မြန်မာနိုင်ငံကြီးက ကြေငြာခြင်းမရှိ။ တိတ်တိတ်နေထောင်တန်သည်ဆိုသည့်ထုံး နှလုံးမူကာ နှုတ်ဆိတ်လျက်သာ နေကြပေကုန်၏။ အကောင်းဆုံးဟု ထင်မြင်မိသည်ကား မိမိတို့၏ ကိုယ်ခံအားများမြှင့်တင်ထားသင့်ပေ၏။ ကိုယ်ခံအားမြှင့်တင်ပေးနိုင်သော အစားအသောက်များကို စားသုံးပေးသင့်ပေ၏။ အိပ်ရေးဝဝ အိပ်ခြင်းကလည်း ကိုယ်ခံအားကို မြင့်စေနိုင်ပါ၏။ အိပ်ရေးဝအောင် အိပ်ရန်လိုပါ၏။
ဗိုက်တာမင်-စီ သည် ကိုယ်ခံအားကို တိုးတက်စေ၏။ ရောဂါပိုးများကို ခုခံကာကွယ်နိုင်ပေ၏။ ပြေးပြေးလွှားလွှားဖြင့် ဗိုက်တာမင်-စီ လိုက်ဝယ်သော်လည်း တစ်လုံးမျှပင် ဝယ်မရခဲ့ပေ။ ထို့ကြောင့် ဗိုက်တာမင်-စီ ပေါကြွယ်ဝသည့် အချဉ်ဓာတ်ပါသော အသီးအနှံများကို ရှာကြံစားနေရပေသည်။ နိုင်ငံတကာရောက်ပြီး Covid-19 ခံစားခဲ့ရသော လူအချို့က ဗိုက်တာမင်-စီနှင့် ပါရာစီတမောလ် သောက်သုံးခြင်းဖြင့် ကျန်းမာရေး ဒေါင်ဒေါင်မြည်ခဲ့ကြောင်း ဖောက်သည်ချနေကြပါသည်။ မည်သို့ပင်ဆိုကြစေကာမူ ကျန်းမာရေးအသိ ကျန်းမာရေးသတိဖြင့် ကိုဗစ်ကို တွန်းလှန်သင့်ပါကြောင်း