ဘာမှန်းမသိ

နေထွက်ချိန်လား? နေဝင်ချိန်လား? ဆိုတာကို မသိနိုင်သေးဘူး။

လူအဖြစ်နဲ့ လူ့ဘဝကို ရရှိခဲ့ပြီဖြစ်သော်လည်း ဘာ့ကြောင့် လူ့ဘဝက မြင့်မြတ်မှန်း ရေရာသေချာ မသိနိုင်သေး။

လူ့ဘဝရဲ့ပန်းတိုင်က ဘာလည်းဆိုတာကို စဉ်းတောင်မစဉ်းစားခဲ့မိသေး။ ‌ဘဝတစ်ခု ချုပ်ငြိမ်းဖို့ ထွက်သက် ဝင်သက် ရပ်တန့်ပြီး သေဆုံးခြင်းက လူတွေရဲ့ပန်းတိုင်လား? ဘဝရဲ့ပန်းတိုင်လား? သေချာတဲ့အဖြေ ရေရာတဲ့အဖြေ မရှိသေး။


q3cl3e.png


ဒါမှမဟုတ် ဘဝရဲ့ပန်းတိုက်ဆိုတာ ငွေကြေး ဓန ကြွယ်ဝ ချမ်းသာပြီး လုပ်ချင်ရာ လုပ်ချင်တာကို လုပ်နေရတာက ဘဝ ပန်းတိုင်လား?

မသိတော့ပါဘူးဗျာ။ သိချင်တာတွေကလည်း အများသားပဲဗျို့။ တတ်ချင်တာတွေကလလည်း မကုန်ဆုံးနိုင်။ လိုချင်တာကဆို များမှများ။ တောင့်တလေလေ ကြောင့်ကြရလေလေဖြစ်နေတော့ မတောင့်တတော့ပါဘူး။ ဒါဆိုရင် မကြောင့်ကြရတော့ဘူးလို့တော့ ထင်တာပဲ။


ca24fj.jpg


မတောင့်မတ မကြောင့်မကြ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ ဘာမှန်းမသိတာကြီးကို အဆုံးသတ်လိုက်ပါတယ်။

@ansoe