ဘာဒေးဆိုလားပဲ
ကဲ ကဲ ဒီနေ့ကတော့ ဘာနေ့လဲဆိုတာကို အထွေအထူးပြောနေစရာမလိုလောက်ဘူး ထင်တယ်။ ယနေ့ခေတ် လူငယ် လူရွယ်တွေသာမက လူလတ်ပိုင်း လူကြီးပိုင်းတွေတောင် သိနေကြတဲ့နေ့ဖြစ်တဲ့ ဘတ်လဘိုင်ဒေး အဲ ဗယ်လင်တိုင်းဒေးပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဘယ်အချိန်ကစပြီး ဘယ်လိုနဲ့ရောက်လာသလဲတော့ မသိဘူး။ လူငယ် လူရွယ် လူလတ် လူကြီးမကျန် တည်းခိုခန်းကို အလည်အပတ်သွားကြတဲ့နေ့ဖြစ်နေခဲ့သလိုပါပဲ။ တစ်နည်းအားဖြင့်ဆိုရင် လူငယ် လူရွယ် လူလတ် လူကြီး အရွယ်စုံ အကျင့်စာရိတ္တကို ဖျက်ဆီးနေတဲ့နေ့တစ်နေ့လို့ပဲ မြင်မိသဗျို့။ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်။
ချောကလက်ဆိုတဲ့အရာလေးတစ်ခုအတွက် စတေးနေတာ တန်ရဲ့လားဆိုတာတွေးနေမိတယ်။ အင်း ပြောသာပြောရတယ်။ ချောကလက်မစားရတဲ့ လူပျိုဂျီး အပျိုဂျီးတွေကလည်း ရှိနေကြသေးတော့လည်း အားနာမိတယ်။ ချောကလက်ကျွေးသူပေါ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
မမှန်ကန်သောအတွေး မမှန်ကန်သောအယူ မမှန်ကန်သောအလုပ်တို့မှ ကင်းဝေးနိုင်ကြပါစေ။