အရင်းမရှုံးကြစေချင်ပါ
မင်္ဂလာပါ ချစ်သောမိတ်ဆွေအပေါင်းတို့
မနုဿတ္တဘာဝေါ ဒုလ္လဘော တဲ့။ လူ့ဘဝဆိုတာ ရခဲလှတယ်လို့ ဆိုလိုခြင်းဖြစ်ကြောင်းကို အထူးအထွေ ရေးပြနေစရာ လိုလိမ့်မယ်မဟုတ်ပါဘူး။ ဒီလို ရခဲလှတဲ့လူဘဝကို ကျုပ်တို့တစ်တွေပိုင်ဆိုင်ရယူထားခဲ့ကြပါပြီ။ မြတ်ဗုဒ္ဓက လူ့ဘဝကရခဲတယ်လို့ မိန့်ကြားခဲ့ခြင်းက တကယ်ရခဲလို့ဖြစ်ပါတယ်။ လူ့ဘဝကိုရပြီး လူလိုမကျင့် လူလိုမသိခဲ့ရင်တော့ အပြန်လမ်းကတော့ ကောင်းနိုင်လိမ့်မယ်မထင်ပါဘူး။ စီးပွားရေးစကားနဲ့ပြောမယ်ဆိုရင် အရင်းရှုံးနေပါပြီ။ ဒီတော့ ကျုပ်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်ထုတ်မိတာက လူဖြစ်ရကျိုးနပ်ပြီလား ဆိုတဲ့မေးခွန်းတစ်ခုပါပဲ။ သေချာတဲ့အဖြေ မရသေးသလို ရေရေရာရာလည်း ခုချိန်ထိ မသိသေးဘူး။ အဖြေမရသေးဘူးလို့ပြောရမှာပဲ။
ကမ္ဘာလောကကြီးတစ်ခုလုံးကို လှမ်းမျှော်ကြည့်မိပြန်တော့လည်း ခေတ်အဆက်ဆက်မှာ လူမျိုး၊ အသားအရောင်၊ ယုံကြည်ရာ၊ ဘာသာတရား၊ တန်ခိုး အာဏာ ပါဝါ နဲ့ ဉာဏ်နဲ့မဆင်မခြင် စွဲလန်းတွယ်တာမက်မောမှုတွေကြောင့် လူသားတွေကပဲ လူသားတွေကို အတိဒုက္ခဖြစ်စေခဲ့ကြပြီး ရခဲလှတယ်ဆိုတဲ့ လူသားဘဝကို အရင်းရှုံးစေခဲ့ကြပါတယ်။ အရင်ခေတ်အဆက်ဆက်ကတည်းက ယနေ့အချိန်ထိ နောက် လူသားမျိုးရိုးပျက်သုန်းသွားချိန်ထိ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်နေစေမှာပါ။ အရင်ကလည်းရှိခဲ့တယ်။ ခုလည်းရှိနေဆဲ။ နောင်လည်းရှိနေအုံးမှာပါပဲ။ ရခဲလှစွာသော လူသားဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြရတဲ့ ကျုပ်ကတော့ အမြတ်မရရင်တောင် အရှုံးတော့မခံချင်ပါဘူး။ အရှုံးမရှိအောင်လည်း တတ်နိုင်သမျှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားေနရပါတယ်။ ချစ်မိတ််ဆွေအပေါင်းလည်းအရင်းမရှုံးအောင်ကြိုးစားသင့်ပါကြောင်း အကြံပြုရင်း
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာပြည်သူ ပြည်သားအပေါင်း
ကျန်းမာ ချမ်းသာ ဘေးရန်ကွာလို့ ကိုဗစ်ရန်က မြန်မြန်လွတ်မြောက်နိုင်ကြပါစေ.....