အို မလွယ်ဘူး ရူးနိုင်တယ်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
MSC ရွာထဲ ဆူညံပွက်နေကြပါတယ်။ တန်ဆောင်တိုင်ပွဲမို့ အသံချဲ့စက်တွေ ဆူနေတာမဟုတ်ပါ။ ကထိန်ခင်းလို့ ဆူနေကြတာမဟုတ်ပါ။ ဈေးကွက် နဲ့ ဝေါလက်မကိုက်ပဲ ဝေါလက်ထဲက အလွန်မြင့်တက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ မနေ့မနက်ပိုင်းမှ စတင်ကာ STEEM ဈေးက ဈေးကွက်ထဲမှ 0.3 USD လောက်သာရှိနေပေမယ့် ကိုယ့် Wallet တွင် မြင်ရတဲ့ USD Amount ကြောင့် ရူးချင်သလိုလိုဖြစ်သွားတယ်။ ဘာတွေလဲ? ဘယ်လိုတွေလဲ? ထောဘီလား? လုံခြုံရေးတွေ ခန့်ထားရတော့မလား? အတွေးများစွာနဲ့ တောင်တွေး မြောက်တွေး ပေါက်ကရ ခြောက်ဆယ် မက တွေးနေကြရတော့တယ်။ ပျက်ပလား? ထောပလား? ဘာလား? ညာလား? ဘလာ ဘလာ ဘလာ? Wattlet ထဲကအတိုင်းသာ တကယ်ဖြစ်ကြည့် တကယ်ရူးဖြစ်တယ်ဗျို့။ တကယ်သာဖြစ်ရင် ဘယ်သူတွေရူးမလဲ တွေးကြည့်နေသေး ဟေး ဟေး။ ကိုယ်ကစ လမ်းပေါ်ပြေးထွက် တောင်ပြေး မြောက်ပြေး ဖြစ်လောက်တဲ့ $$$$$$ Amount တွေပဲဆိုတော့ ရူးနိုင်လောက်ပါပေတယ်။ မကြာခင်က STEEM ဈေးအဆ 100 လောက်တက်ခဲ့ရင် ဘာလုပ်မလဲ ? ဆိုပြီး ရယ်စရာရေးတင်ခဲ့တာ ခု အဆ 10000 လောက်ဖြစ်နေတဲ့အခါ အို မလွယ်ဘူး ရူးနိုင်တယ်။ ထောပီ ထောပီ အဆ တစ်သောင်းတက်နေပြီ ☺ မြန်မာပြည်က ကဒ်ကြီးလေးပါး ဖြစ်တဲ့ MPT, Telenor, Ooredoo, Mytel လောက်တော့ ပျင်းသနားသေးတယ် ဖြစ်သွားပြီပေါ့။ Error လား? တကယ်ကြီးလား? သေချာတာကတော့ အမှန်တကယ်ဖြစ်ပါစေလို့ ဆုတောင်း နေကြတာပါပဲ။ မလိမ်တမ်း မညာတမ်းပြောရရင် တကယ်ဖြစ်ပါစေလို့ ကြိတ်ဆုတောင်းနေကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ကြိတ်ဆုမတောင်းပါဘူး။ ပေါ်တင်ကြီးကို ဆုတောင်းပါတယ်။ အမှန်တကယ်ဖြစ်ပါစေ အမှန်တကယ်ဖြစ်ပါစေ အမှန်တကယ်ဖြစ်ပါစေလို့။
စိတ်ကူးနဲ့တွေးကြည့်တာမဟုတ်ပဲ အိပ်မက်ထဲမှာ မဟုတ်ပဲ လက်တွေ့ကျကျကြီးကို Wallet ထဲက Estimate Account Value က အဆပေါင်းသောင်းချီတက်သွားတယ် မြင်နေရတာကို တကယ်ဆိုရင် စိတ်ကျန်းမာရေး ဆေးရုံကို ရောက်ဖြစ်နိုင်တဲ့ အဆဖြစ်နေတယ်။ တကယ်မဟုတ်လောက်ပါဘူးလို့သာ တွေးနေပေမယ့် မသိစိတ်ကတော့ တကယ်ဖြစ်ပါစေ၊ တကယ်ဖြစ်ရင်ကောင်းမှာပဲ လို့လည်းတွေးနေကြမှာပဲ။ တွေးနေကြမှာပဲ မဟုတ်ပါဘူး။ တွေးနေလောက်ပါတယ်။ ကျွန်တော်ကတော့ တကယ်တွေးနေမိတာဗျ။ စိတ်ကူးလေးတွေ ယဉ်ပြီး နေတယ်ပေါ့။ ကိုယ်ထိုးထားတဲ့ Steemit ထီ Account က ထီပေါက်သလိုပေါ့နော်။ အဲဒီလို စိတ်ကူးပေါ်တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်လောက်ဘူးထင်တယ်။ စိတ်ကူးယဉ်စရာ မရှိတဲ့သူ မရှိလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ အဆတစ်သောင်းလက်တက်သွားသကိုး။ 1 STEEM ရှိတယ်ဆိုရင် တောင် 10000 USD ဖြစ်သွားမှာပဲ။ 0 STEEM ပဲကျန်တဲ့ Account တော့မရှိလောက်ဘူးလေ။ Wallet ကြီးက အဆတစ်သောင်းတက်ပြတာကအရေးမကြီးဘူး။ Side Effect ကတော့ရတော့မလားပဲ။ နီးပြီ နီးပြီ စိတ်ကျန်းမာ ရေးဆေးရုံပြေးရဖို့တော့ ☺ ခရီးသွားပစ်လိုက်ကြမလား? နိုင်ငံတကာလှည့်လည်ပစ်လိုက်ကြရင်ကောင်းမလား? ပင်လယ်ကူးသင်္ဘောကြီးဝယ်ကြမလား? ကိုရီးယားမင်းသားတွေ၊ မင်းသမီးတွေနဲ့ သွားတွေ့ပစ်လိုက်ကြမလား? စိတ်ကူးယဉ်မှုတွေတစ်လှေကြီးနဲ့ စိတ်ကျန်းမာရေးဆေးရုံပြေးကြမလား? စိတ်ကူးယဉ်ကောင်းနေလိုက်တာ ဘယ်စတင်းမှလည်း မဟန့် နိုင်သေးဘူး။
Error ကြောင့်မဟုတ်ပဲ တကယ်ဖြစ်ပါစေလို့ ဆုတောင်းကြဗျာ။ တစ်ချိန်ချိန်တော့ အမှန်ဖြစ်လာ မယ်လို့ထင်ထားတယ်။ ယုံကြည်ပါတယ်။ ဒီလောက် အဆအများကြီးမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ တော့ ဖြစ်လာလိမ့်မယ်ဆို တဲ့ မျှော်လင့်ချက်နဲ့တော့ စာတွေရေးနေဆဲပဲဖြစ်ပါတယ်။ ကျန်တဲ့သူတွေလည်း အားမပျက်ကြပါနဲ့ပဲ ပြောနိုင်ပါ တယ်။ အားပျက်တယ်ဆိုရင် ခုရက်ပိုင်းမှာ Wallet လေးကို ၀င် ၀င် ကြည့်ပေးပေါ့ ☺အမှန်တကယ်ဖြစ်လာဖို့ ဆိုတာကလည်း အချိန်ကာလ သိပ်မလိုတော့သလိုပဲ။ ဘာလုပ်ချင်သလဲသာ စဉ်းစားထားရမယ်။ မနေ့ညက ကောင်းကောင်း မအိပ်ရလို့ ကိုယ်ကပဲ ကြောင်တောင်တောင်ဖြစ်နေသလားထင်ရတယ်။ ပံသကူရှာကြတဲ့ ကလေး လူကြီး လူငယ် လူလတ်အကုန် ဓာတ်မီးတစ်ဝင်းဝင်းနဲ့ အော်လိုက်ကြ ဟစ်လိုက်ကြ အချက်ပေးလိုက် ကြနဲ့ တစ်ညလုံးနီးပါးဆိုတော့ အိပ်ပျော်ခါနီးတိုင်း အသံတွေကြောင့် ပြန်ပြန်နိုးလာတော့ အိပ်ရေးပျက်ပြီပေါ့။ မနက်လည်း အမှိုက်တွေရှုပ်နေမယ်ထင်ထားတာ၊ မရှုပ်တာမြင်ရတော့ ၀မ်းတောင်သာမိသေးတယ်။ ခါတိုင်းနှစ် တန်ဆောင်ပြီးရင် လမ်းမတွေပေါ်မှာ အမှိုက်ပေါင်းစုံရှုပ်နေတတ်တာဗျ။ STEEM ဈေးတက်ပါ တက်ပါအော်နေ ကြတော့ တနည်းအားဖြင့်တော့ နည်းနည်းစိတ်ချမ်းသာနေကြတယ်ပေါ့။ စိတ်ကူးလေးတွေလည်း ယဉ်ကောင်း နေကြတယ်ပေါ့။ ဒါလောက်များများကြီးမဖြစ်တောင် တက်လာပါတော့ STEEM ရယ်လို့ မျှော်လင့်ချက်လေးတွေ ရောင်ခြည်သန်းလာသလိုပဲ။ မကြာမီ လာမည် မျှော်။
အဲဒီ မကြာမီ လာမည် မျှော် ဆိုတာကြောင့် လည်ပင်းတောင် နှစ်လက်မလောက်များပိုရှည်ထွက်လာပြီလား မသိပါဘူး။ စိတ်ကူးယဉ်နေရုံ မပြီးသေးလေတော့ စာရေးပို့စ်တင်ဖို့ကြိုးစားရတာပေါ့ဗျာ။ တကယ်တော့ ဒီနေ့ ပို့စ်မတင်တော့ဘူးလို့ စိတ်ကူးနေတာ၊ တော်ကြာ Wallet ကိုကြီးပြီး ရူးသွားပြီထင်မစိုးလို့ မရူးသေးပါဘူးလို့ ပြောရင်း ရေးတင်လိုက်ရတာပါ။ နို့မို့ မလွယ်ဘူးမဟုတ်လား။ ဘ၀င်လေဟပ်ပြီး နေ့စဉ်တင်နေတဲ့ ပို့စ်လေးတွေ တောင်မတင်တော့ဘူးလို့ ထင်မှာကလည်း စိုးရသေးရဲ့။ တင်ပါတယ်ဗျ။ တင်ပါတယ် ဆိုတာလေး သက်သေပြ ဖို့လည်း လိုတယ်လေ။ စာကတော့ ရှည်ရှည်ဝေးဝေး တွေးတွေးဆဆ ရေးနေချိန်မရဘူး။ ဒီတော့ စာနည်းသွား တယ်။ ကောင်းပါတယ်၊ ကောင်းပါတယ်လို့ ထောက်ခံမယ့်သူတွေက များနေမယ်ထင်တယ်။ မဖတ်ရလေ ကောင်းလေပဲလို့ ဆိုကြမှာပါ။ ကိုယ့်လူတွေအကြောင်း ကိုယ်သိနေတယ်လေ။ ဘာမှမဖတ် ရမ်းမန့်တဲ့သူတွေက အများကြီးပဲလေ။ ကဲ ကဲ စိတ်ကူးယဉ်နေတာလေးတွေလျော့ပြီး ပို့စ်လေးတွေလည်း တင်လိုက်ကြပါဦးလို့ တိုက်တွန်းနှိုးဆော်ပါတယ်။ Wallet ကိုပဲ ထိုင်ကြည့်မနေကြနဲ့။ အဲဒါဆိုရင်တော့ တကယ်ကို စိတ်ကျန်းမာရေး ဆေးရုံပြေးရလိမ့်မယ်။ စာက တိုသွားတယ်သာပြောနေရတာ ပုံမှန်ရေးနေတာထက် နှစ်ကြောင်း၊ သုံးကြောင်းလောက်ပဲ လျော့နေတယ် ☺သည်းခံဖတ်ကြပါလို့။ စတင်းလေးကိုလည်း သွားဟန့် လိုက်ပါအုံးမယ် ☺ အော် တကယ်ဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်ကြအုံးနော် မေ့နေမှာစိုးလို့ ☺
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
23-Nov-2018 သောကြာနေ့(Friday)