အသုံးဝင် Site တစ်ခု
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Steemit Platform မှာက အသုံးဝင်တဲ့ site အများကြီးရှိပါတယ်။ Site တစ်ခုနဲ့တစ်ခုကလည်း အသုံးဝင်ကြတာ ပါပဲ။ အသုံးဝင်တဲ့ site တိုင်းကိုလည်း မသိပါဘူး။ အခုလည်းအမှတ်မထင်ရောက်သွားတဲ့ site တစ်ခုကို ရောက်သွားလို့ မျှဝေချင်စိတ်ဖြစ်လာလို့ ရေးတင်လိုက်တာပါ။ ကြိုပြောထားရအုံးမယ်။ အသုံးဝင်မှန်းပဲ သိပါ တယ်။ ဘာတွေကိုဘယ်လို သုံးရမယ်ဆိုတာတော့ မသိပါဘူး။ သေချာသိလို့ ရေးတင်တာလည်းမဟုတ်ဘူး။ ကိုယ်ထက်သိသူ နားလည်သူတွေအတွက်တော့ ပိုအသုံးတည့်မယ်ထင်လို့ မျှဝရေးသားလိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ တောင်မေး မြောက်မေးမေးရင်လည်း သေချာဖြေနိုင်လိမ့်မယ်မဟုတ်ဘူးပေါ့ဗျာ။ အဲဒါတော့ခွင့်လွှတ်ကြ ပေတော့။ အသုံးပြုတတ်သူတွေအနေနဲ့ အများစု အသုံးတည့်နိုင်တာလေးတွေများကို သိခဲ့မယ်ဆိုရင် သေချာလေး ပြန်လည် မျှဝေပေးကြစေချင်ပါတယ်။ ဒါတွေကို အသုံးပြုလို့ vote, comment တွေတော့ လာချင်မှလာပေမယ်။ လိုတဲ့အချိန်မှာ အသုံးပြုနိုင်ဖို့နဲ့ တတ်သိနားလည်သူတွေက ပြန်လည်မျှဝေရေးသားနိုင်ဖို့ အတွက် ရေးတင်ခြင်းဖြစ်ပါတယ်။ ကဲ ကဲ စကားရှည်နေတာနဲ့ ဘာဆိုဒ်မှန်းမသိပဲ စာတစ်ပုဒ်ပြည့်သွားတော့ မယ်။ အဲဒီ site ကတော့ SteemWorld.org ဆိုတဲ့ site လေးပဲဖြစ်ပါတယ်။ Steem Account ကို အတော်များများ ကြည့်ရှုပြီး စိစစ် စီမံနိုင်တာကိုလည်း တွေ့ရပါတယ်။ စမ်းသပ်သုံးစွဲချင်သူတွေအတွက် အသုံးဝင်စေနိုင်မယ်ထင်ပါတယ်။ ပုံလေးတွေကိုလည်း တင်ပေးထားပါတယ်။
အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Browser မှာ SteemWorld.org လို့ရိုက်ထည့်ပြီး ရှာလိုက်မယ်ဆိုရင် @steemchiller အကောင့်ရဲ့ Information တွေတက်လာမှာပဲဖြစ်ပါတယ်။ @steemchiller ဆိုတဲ့ အကောင့် ပွင့်လာရတာကော့ အဲဒီ site ကိုတည်ထောင်သူဖြစ်လို့ပဲဖြစ်ပါလိမ့်မယ်။
ကိုယ့်အကောင့်ကို ကြည့်ချင်တယ်ဆိုရင်တော့ ကိုယ့်အကောင့် နာမည်ကို Search Box မှာ ရိုက်ထည့်ပြီး Search လုပ်လိုက်မယ်ဆိုရင် ကိုယ့်အကောင့်ရဲ့ Information တွေကို အလွယ်တကူ ကြည့်လို့ရပါပြီ။ အခုဖော်ပြထားတာကတော့ ကျွန်တော့်အကောင့်ရဲ့ Information ပဲဖြစ်ပါတယ်။
အခြားအခြားသော အသုံးပြုနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဈေးကွက်ပေါက်ဈေး၊ ငွေကြေးဈေး စတာတွေကိုလည်း ကြည့်နိုင်ပါတယ်။ အကောင့်အသစ် လုပ်ချင်သူတွေအတွက်လည်း ထည့်ထားတာကိုတွေ့ရပါတယ်။ ဘယ်လို အသုံးပြုရမယ်ဆိုတာတော့ စမ်းမကြည့်ရသေးလို့ မသိပါ။ စမ်းကြည့်ကြပါ။ ပြီးရင် ပြန်ပြောပြပေးကြပါ။
အသုံးပြုနိုင်တာတွေကော့ အများကြီးပါတယ်ဗျာ။ ကျတော်အနေနဲ့ ဘာတွေမှန်းမသိတာတွေလည်း ပါတယ်။ လက်တွေ့သာ စမ်းကြည့်ကြပါတော့လို့ တိုက်တွန်းပါရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
30-5-2019 ကြာသပတေးနေ့(Thursday)