အတိတ်သည် အနာဂတ်မဟုတ်

အားလုံးသော ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါ

စိတ်ကူးပေါက်လို့ ရေးချင်မိခဲ့တဲ့ အကြောင်းအရာကတော့ အပေါ်ခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပါပဲ

အတိတ်သည် အနာဂတ်မဟုတ်

ဘာလို့စိတ်ကူးပေါက်မိသလဲတော့ မသိဘူး။ ရေးချင်တာတွေကတော့ အများကြီး အများကြီးပါပဲ။ ဒါပေမယ့်လည်း အချိန်တွေ အများကြီးမရတဲ့အတွက် အများကြီး မရေးတော့ပါဘူး။ မိမိတို့ရဲ့ လွန်လေခဲ့ပြီးသော အတိတ်ကာဟာ မိမိတို့ရဲ့ အနာဂတ် မဟုတ်ပါဘူး။ လူအများစုက အတိတ်ကို ပြန်လည်ဖော်ဆောင်ပြီး တွေးတောနေတတ်ကြပြီးတော့ အနာဂတ်ကာလမှာလည်း အတိတ်ကာလမှာလို ဖြစ်ပျက်နေလိမ့်အုံးမယ်လို့ တွေးတောထင်မြင်နေတတ်ကြပါတယ်။ ဘာကိုပြောချင်သလဲဆိုတော့ အတိတ်မှာ အောင်မြင်ခဲ့တာကို ပြန်လှန်တွေးတောပြီး အနာဂတ်မှာလည်း အောင်မြင်နေမယ်လို့ တွေးထင်နေတတ်ကြသလို အတိတ်မှာ ကျရှုံးခဲ့ဖူးရင်လည်းပဲ အနာဂတ်မှာလည်း ကျရှုံးနေအုံးမယ်လို့ တွေးထင်နေတတ်ကြပါတယ်။

IMG_20200812_18494301.jpeg

တွေးစေချင်တာလေးက အတိတ်ကိုပြန်တွေးပြီး ပစ္စုပ္ပန်မှ ဘာမှကြိုးစားအားထုတ်မှုမလုပ်ပဲမနေပါနဲ့။ လွန်လေခဲ့ပြီးတဲ့ အတိတ်ကာလတွေက ပြန်မရတော့သလို လှမ်းမမြင်နိုင်တဲ့ အနာဂတ်ကာလကိုတွေးပြီး စိတ်ပူပန်မနေကြပါနဲ့လို့။ အခုလုပ်စရာရှိတာကို အခုချက်ချင်းထလုပ်လိုက်ပါ။ လက်ရှိအချိန်ကို တန်ဖိုးထားရင် အနာဂတ်က လှပါလာပါလိမ့်မယ်ဆိုတာလေး ပြောတာပါ။ ဆရာလုပ်တယ်လို့တော့ မထင်ကြ‌ပါနဲ့။ ကိုယ့်အမြင် ကိုယ့်အတွေး ကိုယ့်အတွေ့အကြုံ လေးနဲ့ ကိုယ့်အရေးအသားလေးကို ဖော်ထုတ်ရေးသားလိုက်ရခြင်းသာဖြစ်ပါကြောင်း...

စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ကိုဗစ်ရန်က မြန်မြန်လွတ်ကြပါစေ...