အဆိုးကို ပယ်

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


fpfbry1som.png


လူတိုင်း လူတိုင်းမှာရှိတတ်တဲ့ အကြောင်းလေးတစ်ခုကို ရေးသားလိုပါတယ်။ လူရယ်လို့ဖြစ်လာရင် အဆိုး နဲ့ အကောင်း ဘာကိုလိုချင်သလဲလို့များ မေးခွန်းထုတ်ကြည့်မယ်ဆိုရင် 100% အကောင်းကိုပဲလိုချင်ကြပါလိမ့် မယ်။ အဆိုးကို တမ်းတ အဆိုးကိုစွဲလမ်း အဆိုးနဲ့ မခွဲမခွာ အတူတူနေချင်တဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိလိမ့်မယ်လို့ မထင်ပါဘူး။ ရှိတယ်ဆိုရင်လည်း အဲဒီလူဟာ သူ့ရဲ့လုပ်ရပ်ကို အထင်မှား အမြင်မှားနဲ့ အကောင်းပဲလို့ ထင်နေတဲ့သူပဲဖြစ်ပါလိမ့်မယ်။ သူ့အတွက် အဆိုးမဟုတ်ပဲဖြစ်နေလို့ပဲဖြစ်မယ်ထင်ပါတယ်။ လူအားလုံးကတော့ ကောင်းတာကိုပဲ ရချင်တယ်၊ စားချင်တယ်၊ အိပ်ချင်တယ်၊ နေချင်တယ် စသဖြင့် ချင်တယ် ချင်တယ်ပေါ့လေ။ အဲဒီထက်ပိုမယ်ဆိုရင် အကောင်းဆုံး ဆိုတာတွေကိုမှ ရချင် လိုချင် ခံစားချင်ကြတယ်မဟုတ်လား။ ဒီထက် ဒီထက်ပိုမယ်ဆိုရင် အကောင်းတကာ့ အကောင်းဆုံးဆိုတာတွေကို ပိုပြီးလိုချင် ရချင် ခံစားချင်ကြပါလိမ့်မယ်။ မဖြစ်လို့ အောင့်ကာ အီးကာနဲ့ အကောင်းဆုံးမဟုတ်တာနဲ့ ကျေနပ်နေကြရပေမယ့် အကောင်းဆုံးကိုများရမယ် ဆိုရင် အကောင်းဆုံးဆိုတာကိုသာ လိုချင်ကြပါတယ်။ အကောင်းဆုံးကိုလိုချင်ရင်တော့ လုပ်စရာ လိုက်နာစရာ က တစ်ခုတည်းပဲဖြစ်ပါတယ်။ အဲဒါကတော့ အဆိုးတွေ အဆိုးဆုံးတွေကို ရှောင်ရှားကြ ဖယ်ရှားကြရမှာပဲဖြစ်ပါ တယ်။ တနည်းအားဖြင့်ဆိုရင် အကောင်းကိုလိုချင်ရင် အဆိုးကို စွန့်ရပါမယ်။ အဆိုးကို ပွေ့ပိုက်ထားပြီး အကောင်းကို လိုချင်နေလို့မရပါဘူး။ အကောင်းနဲ့အဆိုးက တစ်ခုလာရင် တစ်ခုပျောက်ရစမြဲပဲထင်ပါတယ်။ အကောင်းလာရင် အဆိုးတွေပျောက်သွားတတ်သလို အဆိုးလာရင်လည်း အကောင်းတွေပျက်သွားတတ်တယ် မဟုတ်လား။ ကောင်းတယ် ဆိုးတယ်ဆိုတာက တစ်ခါတစ်ရံမှာ ကံတရားဆိုတာကြီးပေါ်မှာလည်း မူတည်နေ ပါသေးတယ်။ ကံကောင်း ကံဆိုးလို့ခေါ်ရမှာပဲပေါ့။


m18dw736yv.png


ကျွန်တော်တို့အနေနဲ့ ကောင်းတာတွေကို လိုချင်တယ်ဆိုရင် ကောင်းတာတွေကိုပဲ ရွေးချယ်ကြရ ကောင်းတာ တွေကိုပဲ လုပ်ကိုင်ဆောင်ရွက် ဖြစ်မှာဖြစ်ပါတယ်။ ကိုယ်ကကောင်းတယ်ဆိုးပြီးရွေးချယ်လိုက်တိုင်းလည်း ကောင်းချင်မှကောင်းမှာပါ။ ကိုယ်ကဆိုးတယ်ဆိုပြီးပယ်ထုတ်လိုက်တိုင်းလည်း ဆိုးချင်မှဆိုးပါလိမ့်မယ်။ အများအားဖြင့် အကောင်းအဆိုး ဆိုတာကလည်း အတွေ့အကြုံပေါ်မှာ မူတည်ပြီးရွေးချယ်ကြတာဖြစ်လို့ပါပဲ။ ကျွန်တော်တို့တစ်တွေ Steemit Platform မှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့အခါမှာလည်း ကိုယ့်ဆီမှာရှိတဲ့ Coin တွေ Token တွေကို ဈေးကောင်းကောင်းနဲ့ တက်စေချင်ကြသလိုပဲဖြစ်မယ်ထင်တယ်။ ကိုယ့်ဆီမှာ မရှိတဲ့ Coin တွေ Token တွေကတော့ ဈေးကောင်းကောင်း မကောင်းကောင်း ကိုယ်နဲ့မှမဆိုင်လေတော့ စိတ်ဝင်စား လိမ့်မယ်မဟုတ်ဘူးထင်ပါတယ်။ ကိုယ်ပယ်ထုတ်လိုက်တဲ့ Coin တို့ Token တို့ဆိုတာကလည်း မကောင်းနိုင် ဘူးထင်လို့ ပယ်ထုတ်လိုက်တာပဲမဟုတ်လား။ ကောင်းနိုင်မယ်ထင်တဲ့ Coin တို့ Token တွေကိုတော့ တတ်နိုင် သမျှ ကိုင်ဆောင်ထားချင်ကြတာပဲမဟုတ်လား။ ကိုယ်ပယ်ထုတ်လိုက်တဲ့ Coin, Token က မကောင်းဘူးလို့ မဆိုနိုင်သလို ကိုယ်ကိုင်ထားမိတဲ့ Coin, Token က သေချာပေါက်ကောင်းပါတယ်လို့ ဆိုလို့မရနိုင်သလိုပါပဲ။ ဒီတော့ကာ ကျွန်တော်တို့အနေနဲ့ ဆိုးမယ်ထင်တဲ့ Coin, Token က ဖယ်ထုတ်ပစ် အဲလေ ရောင်းစားပစ်လိုက်ကြပြီး အလွန့် အလွန်ကောင်းနိုင်မယ်လို့ ထင်တဲ့ Coin, Token တွေကို လက်ထဲကိုင်ထားကြရမှာပဲ။ ကိုယ်ကိုင်ထားတဲ့ Coin, Token က ဈေးကောင်းကောင်း ရခဲ့မယ်ဆိုရင်တော့ ထောပီ ထောပီ အော်နေပေရော့ပေါ့။ အဲ ကိုယ်က မကောင်းနိုင်ဘူးလို့ထင်လို့ပယ်လိုက်တဲ့ Coin, Token က ဈေးတွေလွှတ်ကောင်းသွားမယ်ဆိုရင်တော့ ငိုပီ ငိုပီ အော်နေကြတာပေါ့ဗျာ။ ဘာပဲဖြစ်နေပါစေ၊ ကျွန်တော်တို့ရဲ့ Steemit Platform ကြီး အောင်မြင်ပြီး Steem ဈေးတွေ များများနဲ့ မြန်မြန် တက်ပါစေလို့ ဆုတောင်းနေမြဲ၊ ကျွန်တော်တို့လည်း ကောင်းချင်လှပါပြီလို့ အော်နေရင်းဖြင့် ရပ်နားလိုက်ပါတယ်။


လူတိုင်း ကောင်းနိုင်ကြပါစေသော်ဝ် ...


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

31-7-2019 ဗုဒ္ဓဟူးနေ့(Wednesday)