အပင်လေးတွေပေါက်လေပြီ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.

Steemit Platform ကြီးမှာ Steem, SBD တွေ ဈေးမတက်ပဲ တည်ငြိမ်နေခဲ့တာ နှစ်ပင်ပေါက်တော့မယ်။ ဒါပေမယ့်လည်း Steemit နဲ့ခရီးဆက်သူတွေကလည်း ဆက်ဆဲပဲ။ အဲဒီခရီးဆက်နေကြတဲ့အထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအ၀င်ဖြစ်နေဆဲပဲ။ ဘယ်အချိန်မှာ လမ်းဘေးဖဲ့ထွက်သွားမလဲတော့ မသိသေးဘူး။ ခုချိန်ထိတော့ အားတိုင်း Steemit ပေါ်တက်ပြီး ကိုယ့် Post လေးကို ၀င်ကြည့်လိုက် ဘယ်သူ တွေ Post တင်ထားသလဲ လိုက်ရှာလိုက်နဲ့ တစ်နေ့တစ်နေ့ အမောပါပဲ။ တွေ့ကရာစာတွေကို စိတ်ကူးတည့်ရာ ရေးခြစ်နေလည်း အားပေးတဲ့သူ နည်းနည်းကျန်နေသေးတော့လည်း ဆက်ရေးနေမြဲပဲဖြစ်ပါတယ်။ အခြားသူ တွေလည်း ဇွဲမလျော့ပဲ eSteem vote လေးရဖို့အရေး အပြေးအလွှား အချိန်ကိုက် Post တင်နေကြတုံးပဲ ဆိုတာ မြင်ရတော့ ဆက်လက်ချီတက်ဖို့ အားခဲနေဆဲပါပဲ။ ခေါင်းစဉ်ကြည့်ပြီးတော့ စာတွေဖတ်ရတာ အဆက်အစပ်မရှိသလိုဖြစ်သွားသလားမသိဘူး။ လာမယ် လာမယ် အစပျိုးနေရသေးတာလေ။ ဘယ်ကနေ ဘာပင်တွေပေါက်လာလို့ အပင်လေးတွေပေါက်လာပြီလို့ ရေးတင်ရသလဲ စဉ်းစားမနေပါနဲ့။ ဦးနှောက်ခြောက် တယ်။ Steem က ငန်းကြီးက အမွှေးအတောင်တွေချလို့ ရွှေဥမဥနိုင်ဖြစ်နေတဲ့အချိန်မှာ တစ်နိုင်တစ်ပိုင် ပြောင်းဖူးစိုက်ခင်းလေး စိုက်ပျိုးလိုက်တယ်။ အပြင်မှာမဟုတ်ပါဘူး။ Steemit Platform ကြီးမှာပါပဲ။ PAL ဆိုတဲ့ ပြောင်းခင်းလေး တစ်ခင်း နဲ့ LEO ဆိုတဲ့ ပြောင်းခင်းလေးတစ်ခင်းပါပဲ။

လွန်ခဲ့တဲ့ရက်ပိုင်းက အတိအကျဆိုရင်တော့ လွန်ခဲ့တဲ့ (၂၆)ရက်က PAL Coin Airdrop ကနေ PAL Coin လေးတွေ ရရှိလိုက်တယ်လေ။ အချို့လည်းရကြပြီး မရကြတဲ့သူတွေလည်း ရှိကြပါတယ်။ ရကြတဲ့သူတွေ အတွက် ၀မ်းသာမိပြီး မရကြတဲ့သူတွေအတွက်လည်း ၀မ်းနည်းမိပါတယ်။ ဘာ့ကြောင့်မရကြသလဲဆိုတာတော့ အတိအကျမသိပါဘူး။ အဲဒီလိုင်းကို ကျွန်တော်တကယ်မကျွမ်းကျင်ပါဘူး။ ထားတော့။ အပင်ပေါက်လာတဲ့ အကြောင်းကိုဆက်ကြတာပေါ့။ အဲဒီတုံးကရခဲ့တဲ့ PAL Coin ကို ဘာလုပ်ရမယ်မှန်းမသိပဲ ရတဲ့အထဲက 17 PAL ကို minnowsupport ကို ပို့ပြီးတော့ Upvote တောင်းလိုက်ပါတယ်။ ဘာလုပ်ရမယ်မှန်းမှမသိတာကိုး။ စမ်းကြည့်လိုက်တယ်လို့ဆိုရင်လည်း မမှားပါ။ ဒါပေမယ့် Upvote တောင်းပြီးမှ စဉ်းစားမိတာက ဒီအတိုင်း PAL Coin တွေကို ပို့ပြီး Upvote တောင်းနေရင် ရထားတာလေးတွေ ကုန်သွားမှာပေါ့။ ဘယ်ကနေထပ်ပြီး PAL Coin ရမှာတုံးလို့ စဉ်းစားပြီး တောင်ကြည့်မြောက်ကြည့် တောင်ကြံ မြောက်ကြံလုပ်ရာကနေ PAL https://www.palnet.io ကိုကနေ အော်သူလည်းပဲ Steemit လို Post တင် ပါဝါယူရမယ်ဆိုတာ သဘောပေါက်မိတယ်။ ဒါလည်း သူတို့ပေးထားတဲ့ PAL Coin ကို ထိဖို့ မကြိုးစားသေးပါဘူး။ ပါဝါရမှ ကိုယ့် Post လေးတွေကနေ PAL Coin လေးတွေရမယ်ဆိုတာ သိလာမှ PAL 300 ကို Staked လုပ်ပစ်လိုက်တော့ တာပါပဲ။ သူတို့ ပေးထားတဲ့ ပြောင်းဖူး တစ်ဖူးကို တစ်ခါတည်း ပြုတ်စားမပစ်လိုက်ပဲနဲ့ ပြောင်းဖူးတစ်ဖူးကနေ ပြောင်းခင်းလေး တစ်ခင်းဖြစ်အောင် စိုက်ပျိုးကြည့်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုရမယ်၊ ဘယ်နည်းရတယ် ဆိုတာ သေချာမသိပေမယ့် စိုက်ပျိုးထားလိုက်တာ မမှားပေဘူးဆိုပြီး ရင်းလိုက်တာဖြစ်တဲ့အပြင် အခုရထားတဲ့ PAL Coin တွေကို ရောင်းစားလိုက်ရင်တော့ ပေးထားတဲ့ ပြောင်းဖူး ပြုတ်စားလိုက်တာနဲ့တူနေတဲ့အတွက် ပြောင်းဖူးတစ်ဖူးတော့ စားရမှာဖြစ်ပေမယ့် ပြောင်းဖူးတစ်ဖူးမက စားချင်တော့လည်း ပြောင်းခင်းလေးဖြစ်အောင် ချက်ခြင်းမစားပဲ ပြောင်းခင်းလေးတစ်ခင်းဖြစ်အောင် စိုက်ပျိုးလိုက်ခြင်းပါပဲ။

နောက်ထပ်ပြောင်းခင်းတစ်ခင်းစိုက်ပျိုးဖြစ်တာကတော့ LEO Coin ပဲဖြစ်ပါတယ်။ LEO Coin ဘာလို့ ရသလဲဆို တာကတော့ မသိပါဘူး။ လွန်ခဲ့တဲ့ (၇)ရက်က Steem Engine က ကိုယ့်ရဲ့ Wallet ကို ၀င်ကြည့်မိတော့ အဲဒီ LEO Coin 300 ရောက်နေတာတွေ့တော့ အံ့သြသွားပါတယ်။ နောက်စဉ်းစားမိတာက LEO Coin လည်းပဲ PAL Coin လိုပဲဖြစ်မယ်ဆိုတာ စဉ်းစားမိတဲ့အတွက် https://www.steemleo.com ဆိုတာကိုတွေ့ရတဲ့အတွက် ဒီတစ်ခါတော့ မစဉ်းစားတော့ပဲနဲ့ သူတို့ပေးတဲ့ LEO Coin 300 ကို Staked လုပ်ပစ်လိုက်ပါတော့တယ်။ ဒါက LEO Coin ဆိုတဲ့ ပြောင်းဖူးတစ်ဖူးကို LEO Coin ပြောင်းခင်းလေးတစ်ခုဖြစ်အောင်စိုက်ပျိုးလိုက်ခြင်းပဲဖြစ်ပါ တယ်။ အခုချိန်မှာတော့ PAL Coin ပြောင်းခင်းက PAL Coin ပြောင်းပင်လေးတွေ ပေါက်လာပါပြီ။ သူက တစ်လသားနီးပါးရှိနေပြီးကိုး။ LEO Coin ပြောင်းခင်းက ပြောင်းပင်လေးတွေကတော့ နောက်တစ်ရက်လောက်မှ အပင်လေးတွေပေါက်လာပါလိမ့်မယ်။ ဒါလည်း သေချာပါတယ်။ ပြောင်းခင်းလေးတွေက စုံစုံညီညီနဲ့ ပြောင်းခင်း လေးဖြစ်လာပြီဆိုရင်တော့ PAL Coin, LEO Coin ပြောင်းဖူးလေးတွေ အစီအရီနဲ့ ဖူးလာတော့မှာဖြစ်ပါတယ်။ စိတ်ကူးယဉ်လို့တော့ အတော်ကောင်းသဗျို့။ ပြောင်းခင်းထဲ ပြောင်းဖူးလေးတွေကိုခူးဆွတ်ပြီး စားသင့်တဲ့ပြောင်းဖူးလေးတွကိုလည်းစား၊ ပြန်ပြီးစိုက်ပျိုးဖို့ ပြောင်းဖူးမျိုးစေ့လေးတွေလည်း ချန်ရင်းနဲ့ အနားယူ အတောင်ချ၊ အမွှေးချွတ်နေတဲ့ Steemit ငန်းကြီးက ရွှေဥတွေ ပြန်ဥလာမယ့်အချိန်ကို စောင့်ဆိုင်းနေလိုက်ပါ တော့မယ်။ Steemit ငန်းကြီးလည်း မြန်မြန် အမွှေးအတောင်တွေစုံပြီး အရင်တုံးကလိုပဲ Steem ရွှေဥလေးတွေ၊ SBD ရွှေဥလေးတွေ မြန်မြန်ပြန်ဥလာပါစေလို့ ဆုတောင်းရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။
လူတိုင်း ကိုယ်စီ ကိုယ်စီ ကိုယ်ပိုင်ပြောင်းဖူးခင်းလေးတွေနဲ့ သာယာ ချမ်းမြေ့နိုင်ကြပါစေသော်ဝ်...
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
10-7-2019 ဗုဒ္ဓဟူးနေ့(Wednesday)