အခြေခံ လိုချင်စိတ်

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


lm4llx2hnv.png


လူရယ်လို့ဖြစ်လာတဲ့အခါ ဟိုဟာ လိုချင် ဒီဟာလိုချင်နဲ့ လိုချင်တာတွေမပြီးဆုံးနိုင်အောင် ရှိတတ်ကြစမြဲပါပဲ။ ဒါပေမယ့် တကယ်တမ်း အရင်းအမြစ်ကို စဉ်းစားကြည့်လိုက်ပါ။ ကိုယ်တစ်ကယ်လိုနေတာ ဘာတွေလဲ ဆိုတာ ကို အချိန်လေးနည်းနည်းလောက်ပေးပြီး တွေးကြည့်လိုက်ပါ။ လူတိုင်း လူတိုင်းရဲ့ အခြေခံ လိုချင်စိတ်က အဓိကအနေနဲ့ များများစားစား မရှိတာကို မြင်နိုင်ပါလိမ့်မယ်။ တူညီတာတွေကိုလည်း တွေ့နိုင်ပါတယ်။ မတူညီတာကတော့ အဓိက ကနေ ခွဲထွက်သွားတဲ့ အကိုင်းအခက်လေးတွေပဲဖြစ်နေတာကို မြင်ရပါတယ်။ အဓိကအနေနဲ့ လူတွေက ဘာတွေကို လိုအပ်နေတတ်သလဲ? ဘာတွေကို လိုချင်နေတတ်သလဲ? ကျွန်တော်အပါအ၀င် လူတိုင်း အဓိက လိုချင်တတ်ကြတာတွေအောက်မှာ ရေးလိုက်ပါတယ်-

(၁) လူတိုင်း ငွေရေးကြေးရေးလို့ခေါ်ဆိုနိုင်တဲ့ ဓနဥစ္စာပစ္စည်းတွေကို များများပိုင်ဆိုင်ချင်ကြပါတယ်။

(၂) လူတိုင်း ငွေကြေးဓနဥစ္စာမပြည့်စုံရင်တောင် ဂုဏ်ဆိုတာလေးတော့ ရချင်၊ လိုချင်ကြပါတယ်။

(၄) လူတိုင်း မိမိကို လူအများက ချစ်ခင်နှစ်သက်တာ သဘောကျနှစ်ခြိုက်တာကို လိုချင်တတ်ကြပါတယ်။

(၅) လူတိုင်း အမြဲတမ်းပဲ စိတ်ချမ်းသာမှုကို လိုလားတောင့်တကြပါတယ်။

(၆) လူတိုင်း သေသည့်အချိန်တိုင်အောင် ကျန်းမာရေး ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်လိုကြပါတယ်။


q42ruudjku.png


အဲဒီအချက်(၆)ချက်ပေါ်မှာပဲ အခြေခံပြီး နောက်ထပ် လိုအင်ဆန္ဒတွေ ဆက်လက်ဖြစ်ပေါ်လာတတ်ကြတယ်လို့ ထင်ပါတယ်။ ငွေကြေးဘာလို့ချမ်းသာကြွယ်ဝချင်တာလဲလို့မေးခွန်းနောက်ကမှ ဖြစ်ပေါ်လာတဲ့အဖြေတွေက ဥစ္စာဓနကြွယ်ဝလိုခြင်းရဲ့ နောက်ဆက်တွဲတွေဖြစ်ပါလိမ့်မယ်။ ဘာလိုချင်လို့ ညာလိုချင်လို့ ဘာဖြစ်ချင်လို့ ညာဖြစ်ချင်လို့ဆိုတာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တော့ပါဘူး။ အဲဒီအချက်တွေရဲ့ ပြောင်းပြန်ဖြစ်တဲ့ အချက်တွေကိုတော့ ဘယ်သူမှ လိုချင်ကြလိမ့်မယ်မထင်ပါဘူး။ အခြေခံလိုချင်စိတ်တွေ ကတော့ ဒီလောက်ပဲရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကဲ ကဲ စာတွေကို အရှည်ကြီးလည်း မရေးတော့ပါဘူး။ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေ။


ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ...


ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

24-7-2019 ဗုဒ္ဓဟူးနေ့(Wednesday)