အံ့ဩဖွယ်အချို့နှင့် Covid-19
အခုအချိန်အခါတွင် Covid-19 ရိုက်ချက်လှိုင်းက ကျုပ်တို့မြန်မာနိုင်ငံအပေါ်ကိုလည်း အတော်လေးရိုက်ခတ်လာတာကိုတွေ့ရတယ်ဗျ။ လူတွေလည်း အထိတ်တလန့်နဲ့ဖြစ်နေတာကို မြင်နိုင်ပါတယ်။ ဒါက ပြည်တော်ပြန်တွေယူလာခဲ့တဲ့လက်ဆောင်တွေဖြစ်နေခဲ့ပြီ။ ပြည်တော်ပြန်တွေသာရောက်မလာခဲ့ရင် ကျုပ်တို့မြန်မာနိုင်ငံမှာ အဲဒီ ကိုဗစ်ကပေါ်လာခွင့်ရလိမ့်မယ်မထင်ဘူး။ ပေါ်လာခွင့်ရလိမ့်မယ်မထင်ဘူးလို့ ပြောတာနော်။ အဲဒီကိုဗစ်မရှိဘူး၊ မကူးစက်ဘူးလို့ဆိုတာမဟုတ်။ အခြားနိုင်ငံတွေနဲ့မတူညီတဲ့ဓလေ့စရိုက်နဲ့ရာသီဥတုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ မတူညီတဲ့ကျန်းမာရေးလိုက်စားမှုကလည်း ကွဲပြားခြားနားမှုကိုပေးသွားနိုင်ပါလိမ့်မယ်။ ပြည်တော်ပြန်တွေကလည်းပြန်ရောက်လာ ကိုဗစ်ကလည်း တစ်ကမ္ဘာလုံးကို လှည့်ပတ်မွှေနေတဲ့အချိန်ဆိုတော့ ကိုဗစ်ကပေါ်လာဖို့ အခွင့်အရေးရသွားတာပဲဗျ။ မြန်မာပြည်ဖွား ပြည်တော်ပြန်များကျေးဇူးကြောင့်သာ ကိုဗစ်ဟာ မြန်မာပြည်မှာ ခေါင်းထောင်ခွင့်ရသွားတာပဲဖြစ်ပါလိမ့်မယ်။ အဲဒီပြည်တော်ပြန်တွေသာ ပြည်တော်မပြန်လာခဲ့ရင် ကိုဗစ်ခမြာ မြန်မာနိုင်ငံမှာ ခေါင်းထောင်ခွင့်ရနိုင်လိမ့်မည်မဟုတ်ဘူး။
အံ့ဩဖွယ်ရာအချို့ကိုလည်းတွေ့ရပါတယ်။ နိုင်ငံအကြီးအကဲအချို့ရောဂါကူးစက်ခံရပေမယ့် သူ့ဘေးကသက်တော်စောင့်တွေရောအခြားမိသားစုဝင်တွေရောဂါကူးစက်ခံနေရတယ်လို့မတွေ့ရတာ မကြားရတာအတော်လေးထူးဆန်းအံ့ဩနေမိတယ်။ ကျုပ်တို့မြန်မာပြည်မှာလည်းထို့အတူတူပဲ။ ခုဆိုရင် အခြားတိုင်းပြည်တွေမှာသာ ကိုဗစ် နှိပ်စက်လို့သေဆုံးရတဲ့လူတွေအများအပြားရှိနေဆဲဖြစ်ပေမယ့်လည်း Covid-19 အဖြစ်စတင်ခဲ့တဲ့ တရုတ်ပြည်မှာ လူအသေအပျောက်မရှိတော့သလို ဆက်လက်ကူးစက်တယ်လို့လည်းမကြားရတော့တာ အံ့ဩဖွယ်ရာပဲ။ ကမ္ဘာ့ကပ်ရောဂါတွေကျရောက်ခဲ့တဲ့အကြိမ်က(၁၅)ကြိမ်လောက်ရှိလိမ့်မယ်။ အဆိုးဆုံးကပ်ရောဂါတွေကတော့(၁၀)ခုလောက်ရှိမယ်။ အဲဒီကပ်ရောဂါတွေအတော်များများကလည်း ကျုပ်တို့မြန်မာပြည်က လူအသေအပျောက်နည်းနည်းပဲရှိတာကလည်း အံဩစရာပါ။ အခု ကိုဗစ်ကိစ္စမှာလည်း အကြောက်လွန်ပြီး အလွန်ကြောက်နေစရာမဟုတ်ပါဘူး။ နောက်ပြီးလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က စာရေးဆရာတစ်ယောက်ကလည်း သူ့စာအုပ်တစ်အုပ်မှာ ၂၀၂၀ ခုနှစ်မှာ Covid-19 တရုတ်ပြည်၊ ဝူဟန်မြို့က စတင်ပြီး တစ်ကမ္ဘာလုံးကို ပြန့်နှံ့ရောက်သွားမယ်ဆိုတဲ့အကြောင်းကို ထည့်သွင်းရေးသားခဲ့ပါသတဲ့။ ဒါလည်းအံ့ဩကုန်နိုင်ဖွယ်အဖြစ်တစ်ခုလို့ဆိုနိုင်မလားပဲ။ ကျွန်တော်တို့အနေဖြင့် စိုးရိမ်ကြရမည်၊ ကြောက်လန့်ကြရမည်၊ ကာကွယ်ကြရမည်၊ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ရမှာအမှန်ပင်ဖြစ်သော်လည်း အကြောက်လွန်ကာ အလွန်မကြောက်သင့်ပါကြောင်း