အားကိုးရာ
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့
ဒီနေ့ ကိုယ့်လိုဘရှိတော့ ဘုရားကို သတိရမိတယ်။ ဒုက္ခလို့ဆိုရမလား။ လောကဓံလို့ပြောရမလား။ ဘာပဲပြောပြော လူသားတွေအနေနဲ့ စိတ်အင်အား လျော့နည်းလာတဲ့အချိန်တွေမှာတော့ အားကိုးစရာရှာကြစမြဲမဟုတ်လား။ အဲဒီလိုအားကိုးရာ ရှာရာကနေ ကိုးကွယ်ရာတွေပေါ်ပေါက်လာရတာပါပဲ။ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဒုက္ခနဲ့ကြုံတွေ့ရခိုက်မှာတော့ အားကိုးစရာအဖြစ် ဘုရားကို သတိရတတ်ကြတယ်။ ကယ်တော်မူပါ။ ကြည့်ရှုစောင့်ရှောက်တော်မူပါ။ အပြစ်လေးများရှိရင် ခွင့်လွှတ်သည်းခံတော်မူပါ စသည်ဖြင့် ဘုရားနားငြီးလောက်အောင် ဆုတွေတောင်းတတကြပါတယ်။ ခုလည်း ကိုဗစ်ကာလဖြစ်လေတော့ ရောဂါဘေးကနေ လွတ်ကင်း ပပျောက်စေကြောင်းဆုတောင်းဖို့ အခက်အခဲတွေကို ဘုရားဆီမှာ နားြငီးလောက်အောင် ပြောဆိုပြီး အခက်အခဲပြေပါစေကြောင်း ဆုတွေတစ်သီကြီးတောင်းဖို့ စစ်ကိုင်းမြို့ရဲ့ အထက်ကရ စေတီတော်တစ်ဆူဖြစ်တဲ့ အိမ်တော်ရာကျောက်စေတီ အောင်မြေလောက ကိုသွားရောက်ဖူးမျှော် ဆုတောင်းမိပါသဗျ။ အမှန်တော့ အဆင်ပြေနေကြရင် ကျုပ်တို့လို လူသားအများစုက ဘုရားကို မေ့လျော့ထားတတ်ကြပါသဗျ။ အခက်ခဲတွေ အဆင်မပြေမှုတွေ တွေ့ကြရတဲ့အချိန်မှသာ သတိရတတ်ကြတယ်။ နေ့စဉ် ဘုရားကို ဦးသုံးကြိမ်မချတဲ့သူတွေက ကျုပ်အပါအဝင် လူအများစုပဖြစ်မယ်ဗျ။နေ့စဉ်ဘဝထဲမှာ ဘုရားကိုမေ့ တရားကိုမေ့ လောဘ ဒေါသ မောဟ ဆိုတဲ့ အကုသိုလ်တွေနဲ့ပဲ နပန်းလုံးနေလေတော့ ကပ်ဘေးဆိုက်ရောက်လာတာ သိပ်တော့ဆန်းမယ် မဟုတ်ဘူးဗျ။ လောဘ ဒေါသ မောဟ များလေလေ ဒုက္ခပိုများလေလေ ဆိုတာကိုမေ့လျော့နေကြပါသေးတယ်။
တောင်ဘက်မုခ်
အနောက်ဘက်မုခ်
ကမ္ဘာတဝှမ်းလုံး ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အပျက်တရားတွေနဲ့ နေ့စဉ် ကြုံတွေ့နေကြရတာကို မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။ ရှေ့လျောက်လည်း ကပ်ရောဂါလို အဖျက်တရားတွေက လာနေအုံးမှာဖြစ်လို့ ယနေ့ကိုအစပြုလို့ ကျွန်ုပ်အနေနဲ့ ဘုရားကိုတွေ့ တရားကို မမေ့အောင် ကြိုးစားနေထိုင်သွားမယ်လို့လည်း ဆုံးဖြတ်မိပါသဗျ။ မိတ်ဆွေအပေါင်းလည်း ဘုရားကို မမေ့ တရားကိုတွေ့အောင် ရှာဖွေသင့်ပါကြောင်း ရေးသားရင်းဖြင့်
ကမ္ဘာသူ ကမ္ဘာသားအပေါင်း
မြန်မာသူ မြန်မာသားအပေါင်း
ကိုဗစ်ရန်က မြန်မြန်လွတ်ကြပါစေ.....