အတွေးတစ်ခု

IMG_20200326_07582501.jpeg

အခုအချိန်မှာ စတားအဖြစ်ဆုံးသတင်းက ဘာလဲဆိုတာပြောနေစရာလိုမယ်မဟုတ်ဘူးထင်ပါတယ်။ နေရာအနှံ့ ဝူဟန်ခေါ်တွင် COVID 19 ပဲမဟုတ်ပါလား။ မြန်မာမှာ ပိုးတွေ့ပြီလို့ ကြေငြာမောင်းခတ်လိုက်ပြီဆိုကတည်းက ချမ်းငာတဲ့ လူ့အသိုင်းကလူတွေ ဆန် ဆီ ဆေး ဆား အကုန် လုယက်ဝယ်ကြတော့လို့ကြေငြာလိုက်သလား ထင်ရတယ်။ ငတ်သေမှာကြောက်တာလား ဗိုင်းရပ်စ်ကိုကြောက်တာလားတောင် မကွဲပြားတော့ဘူး။ စိုးရိမ်ကြရမှာဖြစ်ပေမယ့် အကြောက်လွန်ရမယ့်အရာ မဟုတ်ဘူးလို့ထင်ပါတယ်။


IMG_20200326_07591401.jpg


ကမ္ဘာ့နိုင်ငံအသီးသီးကို ဒုက္ခပေး ခြိမ်းခြောက်နေတဲ့ COVID ကို ကြောက်ရမှာ စိုးရိမ်ရမှာက အမှန်ပါပဲ။ သို့ပေမယ့် အကြောက်လွန် အစိုးရိမ်လွန်တာတွေကတော့ မမှန်ဘူးလို့ထင်ပါတယ်။ သေဆုံးမှု ရာခိုင်နှုန်းက 4% လို့ဆိုကြပါတယ်။ ကူးစက်ခံရတိုင်းသေတာမဟုတ်ပါဘူး။ ကိုယ်ခံအား နည်းပါးတဲ့ ကလေးသူငယ်တွေ နဲ့ သက်ကြီးရွယ်အိုတွေကိုတော့သေစေနိုင်တာကိုသိရပါတယ်။ အကြောက်မလွန်ကြဖို့ကြေငြာပေးနေပေမယ့်လည်း မယုံကြည်ကြတာက အများစုပဲ။ ဇိမ်ကျကျနေ ဇိမ်ကျကျစားနေကြတဲ့ လူတွေကပိုဆိုးနေတယ်။ နေ့စဉ် နေ့တိုင်းအိမ်တကာက အမှိုက်ပေါင်းစုံ အညစ်အကြေးပေါင်းစုံနေ့စဉ်ကိုင်တွယ်နေရတဲ့ အမှိုက်သိမ်းသမား‌ေတွ ကြောက်ဖို့လည်းချန်ထားကြပါအုံးလို့‌၊ အကြောက်တွေမလွန်သင့်ပါလို့ အကြံပြုလိုပါကြောင်း


@ansoe 26-Mar-2020(Thursday)


HIVE LOGO ansoe myanmar.png