ဝါတွင်းကာလ စစ်ကိုင်းဌာန(ဥမင်သုံးဆယ်စေတီတော်)

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


nb8m9wfp1q.png


ဒီနေ့ကတော့ စစ်ကိုင်းမြို့ရဲ့ ၀ါတွင်းဘုရားစဉ်တွေထဲက ဥမင်သုံးဆယ်စေတီတော်ရဲ့ ဘုရားပွဲတော်ပဲဖြစ်ပါ တယ်။ ၀ါတွင်းကာလမှာ စစ်ကိုင်းမြို့ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အပတ်စဉ် ၀ါတွင်းဘုရားစဉ်တွေအကြောင်းကို အထွေ အထူးလုပ်ပြီး မပြောတော့ပါဘူး။ ကျင်းပလာခဲ့တဲ့ နှစ်ကလည်းမနည်းတော့ဘူးဆိုတော့ အနယ်နယ် အရပ်ရပ်က မိတ်ဆွေတွေလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဥမင်သုံးဆယ်စေတီတော်ကိုလည်း ကိုယ်တိုင် မဖူးမျှော်ဘူးရင်တောင် ဓာတ်ပုံတွေထဲမှာ ဖူးမျှော်ဘူးတဲ့သူတွေများပါလိမ့်မယ်။ စစ်ကိုင်းတောင်ကိုတက်ရောက် တဲ့အခါမှာ ဆွမ်းဦးပုညရှင်စေတီတော်ကို ဖူးမျှော်ပြီးရင် ဥမင်သုံးဆယ်စေတီတော်ကို သွားရောက်ဖူးမျှော်ကြစမြဲ ဖြစ်ပါတယ်။ ဒီတော့ ဥမင်သုံးဆယ်ဘုရားကိုလည်း မသိသူမရှိသလောက်ပါပဲ။


7yvopt3w1q.png


စစ်ကိုင်းတောင်ရိုး၊ စာမရီတောင်လို့ရှေးကခေါ်တွင်ခဲ့တဲ့ တောင်ထိပ်ဖျားမှာ စစ်ကိုင်းတရဖျားမင်း၏ငယ်ဆရာ၊ အင်းဝဘုရင်သတိုးမင်းဖျားရဲ့ နန်းဦးဆရာတော်ဖြစ်တဲ့ ပတူကြီး(ပဒူကြီး)သင်္ဃရာဇာ ဆရာတော်မှ သက္ကရာဇ် ၆၈၇ ခုနှစ်မှာ တည်ထားတော်မူခဲ့တယ်လို့သိရပါတယ်။ အတွင်းဘက်မှာ ထိုင်တော်မူ ရုပ်ပွားဆင်းတုတော် (၄၂)ဆူကို တည်ထားခဲ့တယ်လို့ မှတ်သားရပါတယ်။ ဘွဲ့တော်ကိုလည်း ဥမင်သုံးဆယ်တွင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နှစ်စဉ် ၀ါခေါင်လပြည့်နေ့တိုင်းမှာ ဆွမ်းချပွဲပြုလုပ်ခဲ့တာ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ပတူကြီး (ပဒူကြီး)ဆရာတော်ဟု ဘွဲ့အမည်တွင်ခဲ့ရခြင်းမှာ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတွင် သတင်းသုံးနေထိုင်သော ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ဟာ ဥမင်သုံးဆယ်စေတီတော်ရဲ့ ဘုရားပွဲတော်ဖြစ်သလို မရှိခဏ စေတီတော်ကြီး၏ ဘုရားပွဲတော်နေ့လည်းဖြစ်ပါတယ်။ စစ်ကိုင်းမြို့ဟာသာသနာစည်ပင်ထွန်းကားခဲ့တာ နှစ်ပေါင်းများစွာတိုင်ခဲ့ပါပြီ။



dz8njf1qnq.png


စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒပြည့်နိုင်ကြပါစေ...


ရေးသားသူ နှင့် ဒီဇိုင်း (Author and Design)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-8-2019 ကြာသပတေးနေ့(Thursday)