ဝါတွင်းကာလ စစ်ကိုင်းဌာန

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


6h0gyr8rnk.jpg


x5gpq5zq0p.jpg


ဒီနေ့ Post ကိုတော့ ထူးထူးခြားခြားရေးစရာ ရှာမရဖြစ်နေလေပြီ။ သို့အတွက်ကြောင့် စစ်ကိုင်းမြို့ရဲ့ ထူးမြတ်တဲ့ ၀ါတွင်းသုံးလအတွင်း အပတ်စဉ် လှူဒါန်းပွဲများကျင်းပမြဲဖြစ်တဲ့ စေတီတော်များထဲက ဒီနေ့အလှည့်ကျဖြစ်တဲ့ ချမ်းသာကြီး ချမ်းသာရ စေတီတော်နှစ်ဆူ အကြောင်းအရာအချို့ကို သိသလောက်ပြန်လည်မျှဝေလိုပါတယ်။ ၀ါတွင်းဘုရားစဉ်တွေကိုတော့ လူတိုင်းလိုလို သိကြပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ “ပုံ တောင် ဇေ ချမ်း ဥ နန်း နန် လေး ပ ထူ ရှင် ငါး အောင် ကောင်း” ဆိုတဲ့ စာအတိုင်း နှစ်စဉ် ဘုရားပွဲများကို ကျင်းပလာခဲ့တာ နှစ်ရာပေါင်း များစွာရှိလာခဲ့ပါပြီ။ အခုတစ်ပတ် ၀ါတွင်းဘုရားစဉ်တွေမှာ အလှည့်ကျတာက “ချမ်း” ဖြစ်တဲ့ ချမ်းသာကြီး ချမ်းသာရ စေတီတော်နှစ်ဆူရဲ့ ဘုရားပွဲတော်ပဲဖြစ်ပါတယ်။ စေတီတော်နှစ်ဆူရဲ့ ပုံတွေကို အရင်တုံးကလည်း ဓာတ်ပုံအဖြစ်နဲ့ တင်ပေးခဲ့ဘူးပါတယ်။ စစ်ကိုင်းမြို့ဟာ သာသနာထွန်းကားတဲ့နယ်မြေဖြစ်တဲ့ အတွက် အလှူအတန်းပြုလုပ်လိုရင် အလွယ်တကူပြုလုပ်နိုင်တဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ပဲဖြစ်ပါတယ်။ လှူတန်းလိုစိတ်ဖြစ်ရင်တောင် အလှူခံပုဂ္ဂိုလ်မရှိတဲ့ အရပ်ဒေသကလူအများလည်း လာရောက်လှူဒါန်းတဲ့ကြ ပါတယ်။ ကမ္ဘာကျော် နိုင်ငံကျော် ဆရာတော်ကြီးများကို မွေးထုတ်ပေးနေတဲ့ မြို့ဖြစ်တဲ့အတွက်လည်း ဂုဏ်ယူမိ ပါတယ်။



3okr4labzt.jpg


vjzyie82lv.jpg


နှစ်စဉ် နှစ်တိုင်း ၀ါဆိုလပြည့်နေ့မှ ဆွမ်းဦးပုညရှင်စေတီ ဘုရားပွဲတော်အစပြုကာ ၀ါတွင်းသုံးလပတ်ကာလ ပတ်လုံး အပတ်စဉ်ဘုရားပွဲတော်များမှာ ဆွမ်းကပ်ဆွမ်းချ ပွဲတော်တွေကို ကျင်းပမြဲဖြစ်ပါတယ်။ ဒီနေ့အလှည့်ကျ ဖြစ်တဲ့ ချမ်းသာကြီး ချမ်းသာရ စေတီတော်(၂)ဆူကို ဟိုးရှေးယခင်က ဟံသာဂီရိတောင်တော်လို့ ခေါ်ခဲ့ကြတဲ့ တောင်တန်းပေါ်မှာ တည်ရှိပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးမှာ တည်ထားကိုးကွယ်ခဲ့တာလည်းဖြစ်ပါတယ်။ ဘုရားဒါယကာကတော့ ပုဂံပြည်က ကြံသိုင်းအမတ်ကြီးပါတယ်။ ဆက်လက် ထိန်းသိမ်းပြုပြင်တာကတော့ ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ ဒါယကာဖြစ်တဲ့ ပင်းယအမတ်ကြီး ဦးပုညပဲဖြစ်ပါတယ်။ ချမ်းသာကြီး ချမ်းသာရ စေတီတော်(၂)ဆူကို နှစ်စဉ် နှစ်တိုင်း ၀ါခေါင်လဆန်း(၈)ရက် နေ့မှာ ဆွမ်းတော်ကပ်ကာ ဘုရားပွဲတော် ကျင်းပ လေ့ရှိပါတယ်။ စစ်ကိုင်းမြို့ရဲ့ ရပ်ကွက် ကျေးရွာများမှလည်း ၀ါတွင်းဘုရားစဉ်တိုင်း လာရောက်ပြီး ဆွမ်းကပ်ပူဇော်ကြပါတယ်။ သာသနာစည်ပင်ဖွံ့ဖြိုးသလို အလှူအတန်းများလည်း တစ်နှစ်ပတ်လုံးရှိနေတတ် ပါတယ်။ အကြောင်းကြုံရင်ဖြင့် စစ်ကိုင်းအကြောင်း စာရေးတင်ပေးချင်ပါသေးတယ်။ ခုတော့ ချမ်းသာကြီး ချမ်းသာရ စေတီတော်(၂)ဆူရဲ့ ဓာတ်ပုံလေးတွေပဲ တင်လိုက်ပါတယ်။ အခြားသော စေတီတော်များကိုလည်း နောက်ထပ်တင်ပေးပါအုံးမယ်။



79ewx6ct7h.jpg


zv7q6bezgt.jpg


advn1je1mm.jpg


ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-8-2019 ကြာသပတေးနေ့(Thursday)