မြန်မာ့ဆက်သွယ်ရေးပိုကောင်းစေမယ့် Intelsat 39 ဂြိုလ်တုအောင်မြင်စွာ လွှတ်တင်

Shared From Dlike

မြန်မာက ပထမဆုံးအကြိမ် ကိုယ်ပိုင်ဂြိုလ်တုအဖြစ် ငှားရမ်းလိုက်တဲ့ Myanmar Sat 2 ပါဝင်တဲ့ Intelsat 39 ဆက်သွယ်ရေးဂြိုလ်တု ကို သြဂုတ်လ (၆)ရက်နေ့မှာ တောင်အမေရိကတိုက်မှာရှိတဲ့ ပြင်သစ်ဂီယာနာ အာကာသဒုံးပျံ ပစ်လွှတ်တဲ့ အခြေစိုက်စခန်းကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

လွှတ်တင်လိုက်တဲ့ Intelsat 39 ဆက်သွယ်ရေြး၈ိုလ်တုဟာဟာ အာဖရိက ၊ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းရှိ မိုဘိုင်းတယ်လီဖုန်း လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရအဖွဲ့အစည်းတွေအပြင် လေကြောင်းပျံသန်းမှုနဲ့ ပင်လယ်ရေကြောင်းသွားလာမှု လုပ်ငန်းတွေအတွက် ဆက်သွယ်ရေးမှာ အထောက်အကူ ပြုစေမယ့်အပြင် Video တွေ ရိုက်ယူရာမှာလည်း ပိုပြီး အရည်အသွေးကောင်းစေမှာဖြစ်ပါတယ်။ အခုလို Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တု အသုံးပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ မစ္စ Loguidice က ပြောပါတယ်။


Source of shared Link